တစ်ယောက်နဲ့တစ်ယောက်
နှုတ်ဆက်တဲ့အချိန်မှာ
မနက်ဖြန်ဆိုတဲ့ နေ့ရက်ကလေးမရှိရင်
သိပ်ကောင်းမှာပဲ ဆောင်းရယ်
ထားခဲ့လို့နေခဲ့ရတယ်
နှုတ်ဆက်လို့လက်ကာပြရတယ်
လှည့်ကြည့်လို့ပြုံးပြရတဲ့
ငါ့ရဲ့အဖြစ်တွေ
ဆောင်းသာသိခဲ့မယ်ဆိုရင်ပေါ့
စိတ်ကူးနဲ့အိပ်မက်တွေ
လက်တွေ့ဖြစ်လာဖို့ဆိုတာထက်
ပိုင်ဆိုင်ခွင့်မရှိတဲ့
ငါ့ဘဝဟာလည်း
ဆောင်းပေးခဲ့တဲ့ အပြုံးတစ်ခုတည်းနဲ့
ကျေနပ်ခဲ့ရသူပါ ဆောင်း
မရေမရာ မသေချာတဲ့
ငါ့အနာဂါတ်တွေအတွက်
ငါ့ဘဝအတွက် ခရီးဆက်ရမဲ့
ငါမျှော်လင့်တဲ့
ပန်းတိုင်ကို ရောက်ဖို့ဆိုတာ
ဆောင်းရဲ့အပြုံးတစ်ခုတည်းသာ
အားအင်တွေဖြစ်ခဲ့ပါတယ်
ဝမ်းနည်းမှုတွေနဲ့
ကြုံတွေ့လာတိုင်း
ဆောင်းရှိရာကို အပြေးလာခဲ့ချင်ပေမယ့်
ဆောင်းကငါ့ကိုလေ....
ဆောင်းသခင်
နှုတ်ဆက်တဲ့အချိန်မှာ
မနက်ဖြန်ဆိုတဲ့ နေ့ရက်ကလေးမရှိရင်
သိပ်ကောင်းမှာပဲ ဆောင်းရယ်
ထားခဲ့လို့နေခဲ့ရတယ်
နှုတ်ဆက်လို့လက်ကာပြရတယ်
လှည့်ကြည့်လို့ပြုံးပြရတဲ့
ငါ့ရဲ့အဖြစ်တွေ
ဆောင်းသာသိခဲ့မယ်ဆိုရင်ပေါ့
စိတ်ကူးနဲ့အိပ်မက်တွေ
လက်တွေ့ဖြစ်လာဖို့ဆိုတာထက်
ပိုင်ဆိုင်ခွင့်မရှိတဲ့
ငါ့ဘဝဟာလည်း
ဆောင်းပေးခဲ့တဲ့ အပြုံးတစ်ခုတည်းနဲ့
ကျေနပ်ခဲ့ရသူပါ ဆောင်း
မရေမရာ မသေချာတဲ့
ငါ့အနာဂါတ်တွေအတွက်
ငါ့ဘဝအတွက် ခရီးဆက်ရမဲ့
ငါမျှော်လင့်တဲ့
ပန်းတိုင်ကို ရောက်ဖို့ဆိုတာ
ဆောင်းရဲ့အပြုံးတစ်ခုတည်းသာ
အားအင်တွေဖြစ်ခဲ့ပါတယ်
ဝမ်းနည်းမှုတွေနဲ့
ကြုံတွေ့လာတိုင်း
ဆောင်းရှိရာကို အပြေးလာခဲ့ချင်ပေမယ့်
ဆောင်းကငါ့ကိုလေ....
ဆောင်းသခင်