Tuesday, August 19, 2014

နှလုံးသားရဲ့ငိုကြွေးသံ - မောင်ဇေမင်း(ပွား)

 (နှလုံးသားရဲ့ငိုကြွေးသံ)

သူသင်ပေးခဲ့တဲ့ ရိုးသားခြင်းအနုပညာ
ငါရရှိခဲ့တဲ့ ဘဝသင်္ခန်းစာ
ဒီအကြောင်းတွေ မတွေးဖို့ငါ့ကိုငါ
တားနေပါသေးတယ်
ဒီကမ္ဘာမှာ အပြင်းထန်းဆုံးဝေဒနာကို
ခံစားလိုက်ရချိန်မှာပဲ....
အရာအားလုံးကို ငါဆုံးရှုံးလိုက်ရတယ်
အံသြတာပဲ....
နှလုံးသားရဲ့ နာနာကျင်ကျင်ဟစ်ငြီး
ငိုကြွေးသံကို ကြားလိုက်ရတယ်။

မောင်ဇေမင်း(ပွား)