Sunday, August 24, 2014

ပြုစားရက်သူ - မောင်ဇေမင်း(ပွား)

(ပြုစားရက်သူ)

ငါငိုနေတယ်
နင့်ကိုလွမ်းလို့ မဟုတ်ပါဘူး
နင့်နဲ့ပက်သက်တဲ့ ငါ့အကြောင်းကို
တွေးမိလို့ပါဟာ....

ငါ့ပိုင်ဆိုင်တာဆိုလို့
ဒီအကြောင်းတွေပဲရှိတာလေ
နင်ပြောခဲ့ဖူးတယ်
ငါ့ကိုလမ်းခွဲသွားမယ်ဆို
မလွမ်းတတ်အောင် သင်ပေးခဲ့ပါတဲ့
နင်ကတော့ ငါ့ကိုငိုတတ်အောင်
အမှတ်တရတွေနဲ့ ပြုစားခဲ့တယ်
ငါ့မျက်ရည်တွေထဲမှာ
နင်ကြည့်ရင်မြင်မှာပါဟာ
ရိုးသားမှုအမှုံအမွှားတွေလေ။ ။

မောင်ဇေမင်း(ပွား)
zinminkhant13@gmail.com