Friday, August 22, 2014

မေ့နိုင်မှာပါဟာ.... -- မောင်ဇေမင်း(ပွား)

မေ့နိုင်မှာပါဟာ

ညဆိုတဲ့
အချိန်မျိုးရောက်လာခဲ့ရင်
လူတွေအားလုံး
သာနေတဲ့လမင်းကို မေ့ထားပြီး
အိပ်ရာဝင်ချိန်မှာ
အိပ်စက်နိုင်သေးတာပဲ
ဒီလိုပါပဲ
သေခြင်းတရားနဲ့
ချိန်းဆိုထားတဲ့
အချိန်မျိုးရောက်လာခဲ့ရင်
နင်ဆိုတဲ့ငါ့လမင်းကို
မေ့ထားနိုင်မှာပါဟာ။ ။

မောင်ဇေမင်း(ပွား)