Wednesday, August 27, 2014

ချစ်သူမှမုန်းသူသို့ (လျှို့ဝှက်လွမ်း)

ချစ်သူမှမုန်းသူသို့ (လျှို့ဝှက်လွမ်း)

လေအပင့်မှာ ရွက်ကြွေသလို
နွေအဆင့်မို့ အသဲတွေကြွေပေမယ့်
ပန်းမဝေဘူး လွမ်းမနေဘူး
အလှမ်းတွေဝေးစေဦးတော့
ငါ့အသဲတွေက လန်းနေဦးမှာပါ

ချစ်တယ် အလိုမလိုက်ဘူး
ပိုမိုက်မှာစိုးတယ်
ချစ်တတ်တယ် မုန်းတတ်တယ်
အသုံးမချချင်တဲ့ အမုန်းတရားတွေကို
မင်းသုံးသွားပေမယ့် ငါပြုံးပြနိုင်ခဲ့တယ်
အခုလည်း ပြုံးပျော်ဆဲပါ
အဲဒီလိုပဲ
ချစ်နေဆဲပါ မုန်းခဲ့သူ

လျှို့ဝှက်လွမ်း