Friday, August 22, 2014

ရော်ရွက်သစ္စာ - မောင်ဇေမင်း(ပွား)

ရော်ရွက်သစ္စာ

တခါက ရော်ရွက်လေးက
သူကိုအမြဲကြင်နာယုယခဲ့တဲ့
သစ်ပင်လေးကို
ဘယ်တော့မှမခွဲဘူးလို့
ပြောသတဲ့......

မကြာပါဘူး....
လေပြေသယ်ရာ
လိုက်ပါသွားခဲ့တယ်
ငါနားလည်ပါတယ်ဟာ
လေပြေကိုတွန်းလှန်ဖို့
ခွန်းအားတွေကို
ငါမှနင့်ကိုမပေးနိုင်ခဲ့တာ။ ။

မောင်ဇေမင်း(ပွား)
zinminkhant13@gmail.com