Saturday, August 30, 2014

အလင်းနစ်မရှိတဲ့ကြယ် - ဒီလွမ်းနောင်(အမရပူရ)

အလင်းနစ်မရှိတဲ့ကြယ်

ဇလပ်ပန်းတွေ တောင်စဉ်ရေမရ
ပြန့်ကျဲနေတဲ့ ကန္တာရ...
နှင်းတွေလို မြူတွေလို
လျှာအရိုးမရှိတိုင်း
ပြောချင်နေတဲ့ လွင်ပြင်...
သူမစိတ်ကြိုက် ပစ်ခတ်ဖမ်းဆီးသွားခဲ့တဲ့ ခရမ်းလွန်ရင်ခွင်
နေ့နဲ့ညကို ပြန်ကာဖြေသိမ့်
အလဲလဲအကွဲကွဲ သံယောဇဉ်လေး ငါ့သက္ကရာဇ်မှာလွဲခဲ့တယ်...။

ဒီလွမ်းနောင်(အမရပူရ)