(အလွမ်းနေ့စွဲ)
တမိုးအောက်မှာ တစ်ယောက်တည်းချစ်
တစ်ချစ်တည်းကိုပဲ သံယောဇဉ်တွယ်ကာရစ်
အတွေးထဲမှာလည်း သူပဲဖြစ်သည်ကြောင့်
အလွမ်းတိုင်းမှာလည်း သူတစ်ယောက်ထဲ
ခိုဝင်လို့ ခန္ဓာကိုယ်တခုလုံး
သူပုံရိပ်တွေ လွှမ်းမိုးထားခဲ့
ဘယ်လိုမှ မေ့မရဘူး
အတူနေစဉ် သူပြောတဲ့ အကြင်နာစကား
သူနှင့်အတူထိုင်ခဲ့တဲ့ ညောင်ညိုရိပ်
သူခြွေသိပ်ခဲ့တဲ့တေးသံ
အားလုံး ပြန်မြင်ကြည့် ရင်ထဲမှာ
အလွမ်းတွေပဲရှိနေခဲ့ပေါ့ကွယ်
ကံကြမ္မာ၏ ရက်စက်ခြင်းက ပစ်ကွင်းမလွတ်တဲ့ ချစ်သူနှစ်ဦးရဲ့ဘဝသည် မခွဲချင်ခွဲ လက်မပြခြင်လဲ
နုတ်ဆက်ခဲ့ရသည်...
ဒီလိုနဲ့ နယ်မြေတွေခြားခဲ့ပေါ့ကွယ်
လူတွေပြောကြသည် ခေတ်မှီတယ် တဲ့
သိပ္ပံခေတ်ဆိုပဲ ဒီစကားကငါ့ရဲ့ဆန်ကျင်ဖက်
ဖုန်းလေးခေါ်ကြည့်တယ်...
အလွမ်းပြေ စကားပြောဖို့
ကံတရားက ငါ့ကိုကျီဇယ်တယ်
မင်းခေါ်တဲ့ ဖုန်းဟာ ဧရိယာပြင်ပတဲ့
အကြိမ်ကြိမ်ပါပဲကွယ်
ငါ့ကျရှုံး၍ အလွမ်းနဲ့ပဲ
နိဂုံးချုပ်ခဲ့ရတယ် ချစ်သူလေးရယ်
(ရင်တွင်းဖြစ်) စိုင်းဟေမာန်
တမိုးအောက်မှာ တစ်ယောက်တည်းချစ်
တစ်ချစ်တည်းကိုပဲ သံယောဇဉ်တွယ်ကာရစ်
အတွေးထဲမှာလည်း သူပဲဖြစ်သည်ကြောင့်
အလွမ်းတိုင်းမှာလည်း သူတစ်ယောက်ထဲ
ခိုဝင်လို့ ခန္ဓာကိုယ်တခုလုံး
သူပုံရိပ်တွေ လွှမ်းမိုးထားခဲ့
ဘယ်လိုမှ မေ့မရဘူး
အတူနေစဉ် သူပြောတဲ့ အကြင်နာစကား
သူနှင့်အတူထိုင်ခဲ့တဲ့ ညောင်ညိုရိပ်
သူခြွေသိပ်ခဲ့တဲ့တေးသံ
အားလုံး ပြန်မြင်ကြည့် ရင်ထဲမှာ
အလွမ်းတွေပဲရှိနေခဲ့ပေါ့ကွယ်
ကံကြမ္မာ၏ ရက်စက်ခြင်းက ပစ်ကွင်းမလွတ်တဲ့ ချစ်သူနှစ်ဦးရဲ့ဘဝသည် မခွဲချင်ခွဲ လက်မပြခြင်လဲ
နုတ်ဆက်ခဲ့ရသည်...
ဒီလိုနဲ့ နယ်မြေတွေခြားခဲ့ပေါ့ကွယ်
လူတွေပြောကြသည် ခေတ်မှီတယ် တဲ့
သိပ္ပံခေတ်ဆိုပဲ ဒီစကားကငါ့ရဲ့ဆန်ကျင်ဖက်
ဖုန်းလေးခေါ်ကြည့်တယ်...
အလွမ်းပြေ စကားပြောဖို့
ကံတရားက ငါ့ကိုကျီဇယ်တယ်
မင်းခေါ်တဲ့ ဖုန်းဟာ ဧရိယာပြင်ပတဲ့
အကြိမ်ကြိမ်ပါပဲကွယ်
ငါ့ကျရှုံး၍ အလွမ်းနဲ့ပဲ
နိဂုံးချုပ်ခဲ့ရတယ် ချစ်သူလေးရယ်
(ရင်တွင်းဖြစ်) စိုင်းဟေမာန်