အလွမ်းရှင် (လျှို့ဝှက်လွမ်း)
အချစ်ကို ဆေးခါးကြီးနဲ့
ရောသောက်တဲ့ငါက
မင်းပေးတဲ့ အမုန်းဝေဒနာကို
မကြောက်တတ်ဘူး
အလွမ်းတွေအတွက်
ဘာနဲ့မှကုစားမရနိုင်မှန်းသိလျှက်
အသဲတွေ ငါ့လက်က
လွတ်ထွက်သွားခဲ့တယ်
အချစ်နဲ့ ပတ်သက်ရင်
ငါကအခုမှ လမ်းလျှောက်သင်ရတာပါ
ဒါပေမယ့်
ခြေထောက်နှစ်ဖက်စလုံးကို
ရိုက်ချိုးခံရတဲ့အတွက်
အလွမ်းဝှီးချဲပေါ်ထိုင်ရင်း
ပါးပေါ်မိုးတွေရွာမိတယ်
လျှို့ဝှက်လွမ်း
အချစ်ကို ဆေးခါးကြီးနဲ့
ရောသောက်တဲ့ငါက
မင်းပေးတဲ့ အမုန်းဝေဒနာကို
မကြောက်တတ်ဘူး
အလွမ်းတွေအတွက်
ဘာနဲ့မှကုစားမရနိုင်မှန်းသိလျှက်
အသဲတွေ ငါ့လက်က
လွတ်ထွက်သွားခဲ့တယ်
အချစ်နဲ့ ပတ်သက်ရင်
ငါကအခုမှ လမ်းလျှောက်သင်ရတာပါ
ဒါပေမယ့်
ခြေထောက်နှစ်ဖက်စလုံးကို
ရိုက်ချိုးခံရတဲ့အတွက်
အလွမ်းဝှီးချဲပေါ်ထိုင်ရင်း
ပါးပေါ်မိုးတွေရွာမိတယ်
လျှို့ဝှက်လွမ်း