Wednesday, August 20, 2014

ဒါ ..ဒို့ဇာတ်လမ်းပဲ - သက်ပိုင်

ဒါ ..ဒို့ဇာတ်လမ်းပဲ

"သိပ်ချစ်လို့ အမြဲငိုနေရတာ"
လို့ဆိုရင် ကြားရတဲ့သူတွေ
ရီနေမလားတောင်
မသိဘူး ချစ်သူရယ်။
ဟုတ်ပါတယ်.....
ဖြောင့်ဖြူးတဲ့ အချစ်ခရီးမဟုတ်ခဲ့ရင်
မျက်ရည်တွေနဲ့ပဲ
ခရီးဆက်ရမှာပဲ ချစ်သူ ။

တကယ်တော့.....
အသိုင်းအဝိုင်းတွေခြား
ဘယ်သူတွေ ဘယ်လိုပဲ
တားကြပါစေ။ ။ ။
တို့နှစ်ယောက်ရဲ့ ရှေ့ရေးမို့
တို့နှစ်ယောက်ပဲ ပိုင်တယ်လေ။

" ချစ်ကြသူတိုင်း မညား။
ညားကြသူတိုင်း မချစ်"
ဒီအဖြစ်တွေက လွတ်မြောက်ဖို့ဆိုရင်
အဓိက က"တို့ပဲမဟုတ်လား...
ချစ်သူရယ်"

သက်ပိုင်