Sunday, August 24, 2014

ချစ်သူအလိုကျတောင်းတဲ့ဆု - မောင်ဇေမင်း(ပွား)

ချစ်သူအလိုကျတောင်းတဲ့ဆု

နင်ဆိုတာ ငါ့ဘဝရဲ့သခင်
ငါတန်းဖိုးထားတဲ့ အရှင်ပါလေ

နင့်ကိုအနိုင်ကျင့်ရင်
ငါရင်နာတယ်

နင့်ကိုတန်းဖိုးမထားရင်
ငါမျက်ရည်စို့မိတယ်

နင့်ရဲ့အချစ်ကို
ရရှိလိုက်တဲ့သူကို
အရမ်းအားကျမိတယ်

နင့်ပေါ်မှာငါ့အချစ်က
စစ်မှန်ပါသည်

ဤမှန်သောသစ္စာစကားကြောင့်
ဘဝဆက်တိုင်း ဘဝဆက်တိုင်း
နင့်ကိုနားလည်နိုင်ဆုံးသူ
ဖြစ်ရပါလို၏။ ။

မောင်ဇေမင်း(ပွား)