Friday, August 22, 2014

ဒဏ်ရာတွေအဆုံးမရှိတဲ့နေ့. - မောင်ဇေမင်း(ပွား)

ဒဏ်ရာတွေအဆုံးမရှိတဲ့နေ့

တကယ်ချစ်ခဲ့မိတာမို့
ရက်စက်သူကို
အပြစ်မတင်ရက်တာပါ
နင့်ခွဲခွာသွားခဲ့တော့
ငါ့ဘဝမှာ
ဒဏ်ရာတွေအဆုံးမရှိတဲ့
နေ့ဆိုတာရှိလာခဲ့ပြီလေ
မြို့ကြီးသူတွေရဲ့
မာယာဆန်းကို
ခပ်လှမ်းလှမ်းက
တွေ့မြင်လိုက်ရတော့
ပွေ့ပိုက်မိလျက်သား
အစုလိုက်အပုံလိုက်
ဝေဒနာတွေကို
နှမြောမိတယ်

မောင်ဇေမင်း(ပွား)
zinminkhant13@gmail.com