Wednesday, August 27, 2014

မြတ်ဆရာ...

မြတ်ဆရာ
ကလေးဘဝ ဟိုယခင်က
ကကြီးမှစ အ အဆုံးကြအောင်
သင်ကာပြလို့ ပြုံးပန်းတွေဝေ
ပီတိဖြာနေတဲ့ ဆရာ

ဆရာဘဝ အနေမကျပေမဲ့
ဇွဲမာန်အားသန် သည်းငြင်းခံပြီး
တပည့်တွေရဲ့စိတ်တွင်း
သုတနှင့်ပညာသွင်းကာ
ကျောင်းအိုပျက်မှာ နေရပေတာ
မြတ်ဆရာ....