Sunday, August 24, 2014

အမှတ်တရမင်းပုံရိပ် - KN နေပိုင်

"အမှတ်တရမင်းပုံရိပ်"

အပြင် မှာမတွေ့ရပေမယ့်
ရင်ခွင်လွာခံစားချက်တွေကို
ဖြေသိမ့်စရာမင်းပုံလေး
ကြည့်ငေးရင်းလွမ်းရတယ်

အ ခြေမတူဘဝခြား
အလွမ်းသမားလဲမဖြစ်ချင်ဘူး
ဒါပေမဲ့လေ.....
ဖွင့်ပြောမယ့်စကား
မျိုသိပ်ပါများလာတော့
ဆုံးရူံးမှာကိုကြောက်
မင်းတစ်ယောက်ကိုပဲချစ်မိတယ်
တသက်မှာတခါချစ်
မင်းပစ်လို့သွားခဲ့ရင်တာင်
ငါ့ဆီမှာမင်းပုံလေး
ရှိနေသေသမျှ
ငါ့နှလုံးသားကတမ်းတလို့
နွမ်းလျတဲ့အသဲနဲ့
ချစ်မြဲချစ်နေအုံးမှာပါ

KN နေပိုင်