Friday, August 22, 2014

ကျေနပ်နေမိတာပေါ့ - Rosy Wine

ငါ့အတွေးတွေကိုစိုးမိုး
ငါ့ကိုအရုပ်တစ်ရုပ်လို ဆော့ကစား
အသက်မပါတဲ့ အပြုံးတွေနဲ့
ပြုစားရက်တယ်နော်

ရက်စက်တယ် ပြောမရဘူး
ကိုယ့်ကိုတိုင်က
ယုယကြင်နာမိမှတော့
အချစ်ရယ် ရူးလည်း
ကျေနပ်နေမိတာပေါ့ကွယ် . . .

Rosy Wine