Sunday, August 24, 2014

လွမ်းရက်ရာထောင် ( လင်းဆက်​)

လွမ်းရက်ရာထောင် ( လင်းဆက်​)

တစ်နေ့တစ်ရက်၊ အတွေ့ခက်ရင်
လွမ်းရက်ရာထောင် ဝေတယ်ထင်။

တကယ့်တကယ်၊ ဘာရယ်မဟုတ်ဘူး၊
နှစ်ဦးတွေ့ ချင်၊ ရင်ခွင်မှီစက်၊
လက်ချင်းဆုပ်ကိုင်၊ ထိုင်နေချင်မိ၊
နေ့ကုန်သည့်တိုင်၊ ကြည့်ရင်းကြည်နူးချင်တာပေါ့။

အဖြစ်သည်းလို့ ၊ ကဲတတ်ရန်ကော။
ပြောပါသခင်၊ မြင်မှကြည်မွေ့ ၊
တွေ့မှကြည်နူး၊ မြသက်မှူးရယ်၊
ရူးတယ်လို့ဘဲ ဆိုပါတော့။
တစ်နေ့တစ်ရက်၊ အတွေ့ခက်ရင်
လွမ်းရက်ရာထောင် ဝေတယ်ခင်