Sunday, August 24, 2014

ကျွန်ုပ်နှင့် ယောင်းရင်းများ (လျှို့ဝှက်လွမ်း)

ကျွန်ုပ်နှင့် ယောင်းရင်းများ (လျှို့ဝှက်လွမ်း)

ဝေးကွာခြင်းဟာ ငါ့အတွေးကမ္ဘာမှာ
အုတ်ချုပ်တဲ့ ဘုရင်ပေါ့---
အလွမ်းဆိုသူကတော့
သူငယ်ချင်းတွေပဲ
အမြဲတမ်းတတွဲတွဲနဲ့
မိတ်ဆွေတစ်ယောက်ရှိသေးတယ်
သူကတစ်ခါတစ်လေမှလာတတ်တာ
သူ့နာမည်ကအိပ်မက်ဆိုးတဲ့
နင်နဲ့ဝေးခဲ့ရတဲ့အတွက်
ငါ့မှာ ဘော်ဒါတွေတိုးသွားပြီ
ကဲ အပေါင်းအသင်းတို့ရေ
ငိုကြွေးခြင်းဆီသွားရအောင်--------
!

လျှို့ဝှက်လွမ်း