Friday, August 29, 2014

မော - Thushin{kalay}

တိတ်​ဆိတ်​သွားတဲ့
သူ့အပြုံးကို
မျှော်​ရည်တမ်းတ
လွမ်းရသည်​က `​မော´ ။

မ​ရေရာတဲ့ ​ရှေ့ခရီးကို
မျှော်​ရည်​ မှန်းဆ
လှမ်းရသည်​က `​မော´။

မချစ်​​တော့တဲ့ သူ့ကိုမှ
မျှော်​လင့်​ တမ်းတ
ငမ်းရသည်​က `​မော´။

ဪ..တစ်​​နေ့တစ်​​နေ့နဲ့
မှိန်​မှိန်​ကျသွားတဲ့ ငါ့အလင်း
အားမာန်​တင်းလို့
ပြန်​ပြန်​ထွန်း​နေရသည်​ကလည်း`
"​မော"..။

Thushin{kalay}