Friday, August 29, 2014

''ရောက်တတ်ရာရာများ'' အရှင်ဇနက ( နောင်မို )

''ရောက်တတ်ရာရာများ''
အရှင်ဇနက ( နောင်မို )

''ရှုး-တိုးတိုး''
တစ်ခါက ပိုက်ဆံချမ်းသာသော
အမျိုးသ္မီးတစ်စုဟာ ဘုရားဖူး ခရီးအဖြစ်
အိန္ဒိယနိုင်ငံသို့ သွားကြဖို့ တိုင်ပင်ပြီး
အစီအစဉ်ဆွဲကြရာ ခေါင်းဆောင်ဖြစ်သူက
ငါတို့ကိုးကွယ်တဲ့ ဘုန်ကြီးကိုပါ
ပင့်သွားကြဖို့ အဆိုပြုပါတယ်။

အားလုံးက သဘောတူတော့
ဆရားဘုန်းကြီးပင့်ဖို့အတွက်
ဘုန်းကြီးကျောင်းသွားကြပါတယ်။

ဘုန်းကြီးက လူစုံတတ်စုံနဲ့
ဘာလျှောက်ထားစရာရှိလို့ပါလဲ.?လို့
မေးတော့ ခေါင်းဆောင်က
တပည့်တော်တို့
အိန္ဒိယဘုရားဖူးသွားမလို့
လာပြီးတော့ -----------။
ရှုး---
တိုးတိုး ။။။
တောင်ကြည့်မြောက်ကြည့်နဲ့
ဘာဖြစ်လို့လည်းဘုရား။

အေး နင်တို့ လျှောက်ကြားတာကို ကျောင်းဦးခန်းက
ဘုရားကြားသွားပါဦးမယ်။