Friday, August 29, 2014

ထာဝရထက်ကငါ (လျှို့ဝှက်လွမ်း)

ထာဝရထက်ကငါ (လျှို့ဝှက်လွမ်း)

အရောင်ခပ်မှိန်မှိန်
ငိုကြွေးခြင်းနောက်ကွယ်က
နာမည်ဆိုးဆိုးနဲ့
အလွမ်းမိုးတွေစွေနေတာ
အညှာအတာမဲ့တဲ့ နင်ကတော့ သိပါလေစ
ထာဝရလို့အမည်တပ်ပြီး
ချစ်ခဲ့ရတာ ငါပါ
ဒါတောင်မှ
အရိပ်ဆိုးနဲ့ အရိပ်ထိုးတဲ့နင်က
ငါ့ရဲ့ထာဝရကို ဖျက်သိမ်းခိုင်းတယ်
မရဘူး မအဝှာ
ထာဝရဆိုတာ
တစ်ရက်မပျောက်ခင်က
တစ်ရက်ရောက်နှင့်ပြီးသားဆိုတာ
နင်သိခဲ့တဲ့တစ်နေ့
ထာဝရရင်ခွင်မှာ
ထာဝရနားခိုဖို့ မမေ့ပါနဲ့
ဒါလေးတော့
ထာဝရမှတ်ထားလိုက်ပါ...

လျှို့ဝှက်လွမ်း