Monday, August 25, 2014

ချစ်သူသို့.... ချစ်ပိုင်{မကွေး}ကူရှည်

ချစ်သူသို့....

ချစ်လျက်နဲ့ အတွေးခတ်တဲ့
မနက်ဖြန်ပေါင်းများစွာကို
ဘယ်လို ရင်ဆိုင်ရမလဲ
ချစ်တိုင်းလဲ မညား
ညားတိုင်းလဲ မချစ်ဆိုတဲ့
စကားပုံလေးလို...
မတွေ့ရရင်တောင်မှ
နှိုင်းမရသော မေတ္တာ
မေ့မရသော အတိတ်
တွေးမရသော ပစ္စုပ္ပန်နဲ့
ထာဝရ
လွမ်းနေဆဲပါ...

ချစ်ပိုင်{မကွေး}ကူရှည်