Wednesday, August 20, 2014

နင်ရက်စက်တယ် - မောင်ဇေမင်း(ပွား)

နင်ရက်စက်တယ်ဟာ
ငါ့လောက်နင့်ပေါ်
ရိုးသားခဲ့တဲ့သူကို
မာယာတွေနဲ့ပစ်ပေါက်ခဲ့တယ်
နင်စခဲ့တဲ့ငါ့အချစ်တွေကို
အမုန်းမီးတွေနဲ့
မီးတိုက်သွင်းလိုက်တယ်
ဘယ်သူမှသတိမထားမိခင်
ငါ့နှလုံးသားရဲ့ဈာပနကို
တိုးတိုးငိုကြွေး
တိတ်တိတ်လေးကျင်ပခဲ့ရတယ်။။

မောင်ဇေမင်း(ပွား)
zinminkhant13@gmail.com