Sunday, August 24, 2014

နင်စေရာ - မောင်ဇေမင်း(ပွား)

(နင်စေရာ)

နင့်ရဲ့ခံစားချက်တိုင်းကို
ငါနားဆင်ခွင့်ရခဲ့ဖူးတယ်
နင့်ရဲ့ဘေးနားမှာ
အားပေးဖော်ဖြစ်ခဲ့ဖူးတယ်
နင့်ရဲ့ကြင်နာမှုကို
တခဏတော့ ပိုင်ဆိုင်ခဲ့ဖူးတယ်
ဒါတွေက
တချိန်တခါကပါလေ
ခုတော့ငါက ငါနားမလည်တဲ့
အမုန်းပြဌာန်းတဲ့ ဘာသာရပ်တွေနဲ့
နေခဲ့ရတယ်
အလွမ်းတွေ တပွေ့တပိုက်နဲ့....

မောင်ဇေမင်း(ပွား)
ို