Friday, August 29, 2014

လမိုက်ည. - သက်ပိုင်

လမင်းရယ်.....
အမှောင်အတိနဲ့ အကြီးတန်နေတဲ့ညကို
ငါလဲ ဘယ်လိုချင်ပါ့မလဲ။

လမင်းရဲ့ အလင်းရောင်အောက်မှာ
ငါ့ဘဝလေး သာယာလှပချင်တာပေါ့ ။

ဒါပေမယ့်....
လမင်းလေးရယ်
သဘာဝတရားက ငါ့ကို
ဒဏ်ခတ်ထားသလားပဲ။

လမင်းနားလည်းမယ်ဆိုရင်
သူများတွေထက် ဆယ်ဆမက
တမ်းတလိုက်ချင်ပါတယ် ။

လမင်းမရှိရင် ကိုယ့်ဘဝက
လမိုက်ည ပါပဲ" လို့ ။ ။ ။

သက်ပိုင်