မင်းနဲ့ပတ်သက်လာရင်
မာနဆိုတာ ဟန်ဆောင်ပြီးတောင် မှ
မထားတတ်ခဲ့သူပါ
သိတတ်စနှလုံးသားတစ်စုံရဲ့
ပုံမှန်မဟုတ်တဲ့ရင် ခုန်သံကို
ဥပေက္ခာတွေနဲ့ချော့မြူရင်း
သူငယ်ချင်းဆိုတဲ့စည်းအောက်မှာ
ငါ့ဆန္ဒတွေဒူးထောက်နေခဲ့တာပါ
ပညတ်ချက်တွေ,သိက္ခာတရားတွေ
ဝတ္တရားအချို့တွေရဲ့ကိုယ်စား
ငါ့နှလုံးသားက အနာဂတ်တွေကို
လောင်မြိုက်စေရင်း
ငါကိုယ်တိုင်ငတ်မွတ်နေခဲ့တာပါ
ခင်မင် မူထုံးတမ်းကြားမှာ
လုံးပါးပါးရမယ့်အချစ်
ကမ်းလင့်လာမယ့်လက်တစ်ဖက်ဟာ
ငါ့အသက်ထက်လိုအပ်ပါတယ်
KN နေပိုင်
မာနဆိုတာ ဟန်ဆောင်ပြီးတောင် မှ
မထားတတ်ခဲ့သူပါ
သိတတ်စနှလုံးသားတစ်စုံရဲ့
ပုံမှန်မဟုတ်တဲ့ရင် ခုန်သံကို
ဥပေက္ခာတွေနဲ့ချော့မြူရင်း
သူငယ်ချင်းဆိုတဲ့စည်းအောက်မှာ
ငါ့ဆန္ဒတွေဒူးထောက်နေခဲ့တာပါ
ပညတ်ချက်တွေ,သိက္ခာတရားတွေ
ဝတ္တရားအချို့တွေရဲ့ကိုယ်စား
ငါ့နှလုံးသားက အနာဂတ်တွေကို
လောင်မြိုက်စေရင်း
ငါကိုယ်တိုင်ငတ်မွတ်နေခဲ့တာပါ
ခင်မင် မူထုံးတမ်းကြားမှာ
လုံးပါးပါးရမယ့်အချစ်
ကမ်းလင့်လာမယ့်လက်တစ်ဖက်ဟာ
ငါ့အသက်ထက်လိုအပ်ပါတယ်
KN နေပိုင်