Wednesday, August 27, 2014

လွမ်းမျက်ရည် (လျှို့ဝှက်လွမ်း)

လွမ်းမျက်ရည် (လျှို့ဝှက်လွမ်း)

ဒူးထောက်ထားပေမယ့်
လက်မြောက်မထားဘူး ချစ်သူ
ငါ့ရင်ထဲက မင်းထွက်သွားမှာကြောက်လို့
ပွေ့ဖက်ထားမိဆဲပါ
အပြစ်ဒဏ် စီရင်ပြီးတဲ့
ငါ့အသဲတစ်ပိုင်းကို
အရက်ဝိုင်းထဲမှာ ငါမြင်ရတယ်
မျက်ရည်တွေလဲ လမင်းလိုတဲ့
ကလေးငယ်လိုပဲ
လွမ်းမိတိုင်းကို ကျနေဆဲ....