မျက်ရည်ရပ်တန့်ချိန်
ဘဝဆိုတာ
ချရေးကြည့်ဖို့လွယ်ပေမယ့်
တကယ်ဖြတ်သန်းတော့
ကြမ်းတမ်းပါတယ်ဟာ
ငါ့ကိုမသနားပါနဲ့
နင့်အကြောင်းတွေးရင်
ကျဆင်းလာတဲ့ ငါ့မျက်ရည်တွေ
နင့်ကိုမေ့နိုင်မယ့်
ငါ့ရဲ့နောက်ဆုံးထွက်သက်မှာ
ရပ်တန့်နိုင်မှာပါဟာ။ ။
မောင်ဇေမင်း(ပွား)
zinminkhant13@gmail.com