Friday, August 29, 2014

ရင်ပူရာသီ - ကိုဖြိုး(ပုလဲ)

ရင်ပူရာသီ
-------
ဒီရာသီကိုက
နှင်းမှုန်တွေကြားတောင် ရင်ပူတဲ့ရာသီ
ခြောက်နှစ်တာ ဖေဖော်ဝါရီတွေကို
ကျော်ဖြတ်ပြီးနောက်
မပြီးမြောက်သေးတဲ့ ငါ့ချစ်ခြင်း
အဝေးက နှင်းစက်တွေလို ဝိုးတဝါး
ကိုးယိုးကားယားနဲ့ပေါ့
ဖြေမဆည် အလွမ်းတွေနဲ့
မြေဟီးပေါက်ခဲ့ မျက်ရည်
နှင်းစက်တွေနဲ့ ရောထွေး
မျော်လင့်နေပေမယ့်
တကယ်တော့ဝေး
အတွေးတို့ဖြင့်ပင်
ဖေဖော်ဝါရီ ဝင်ခဲ့ပြန်ပြီ
အမှတ်မရှိတဲ့ နှလုံးသား
နှင်းများကြား ပြေးလွှာ
ကလေးရယ်
်မောင့်ရင်ထဲက ဆောင်းရာသီမှာ
ခဏလောက် မှေးစက်ပါလား...

ကိုဖြိုး(ပုလဲ)
မုံရွာမြေက ကလေးသို့