ဆောင်းဟေမာန်
တစ်ကျော့ပြန်
မြူတိမ်မြူခိုး
ရောယှက်လိမ်လို့
တောင်ကြောတစ်ခွင်
ပန်းနုရောင်ချယ်ရီတွေ
အစီအရီ ဖူးပွင့်ခဲ့ပြန်ပြီ...
ချယ်ရီမြင်တိုင်း
နွဲ့နှောင်းသွယ်ပျောင်း
ပန်းနုရောင် ပုံရိပ်လေး
မှတ်မှတ်ရရ အာရုံမှာထင်
တမ်းတမ်းဆွတ်ဆွတ် လွမ်းခဲ့ရပြန်သည်...
မခြယ်မသ ပင်ကိုယ်အလှ
နုဝင်းကြည်စင် နန်းအသွင်
မနောဖြူစင် မျက်နှာထက်ထင်
မြတ်နိုးရသော ပန်းသခင်
သူ့အပြုံး သူ့အလှ
ဂန္တ၀င်ပန်းနုရောင်ကဗျာ...
ဟေမာန်ဆောင်းဒဏ် ကြံ့ကြံ့ခံ
လောကဓံကိုအံတုလို့
သစ္စာတရား ခိုင်ခိုင်မြဲ
မေတ္တာတရား ကြီးမားပုံက
နုနုနယ်နယ် အသွင်အပြင်နဲ့
ဆန့်ကျင်ဘက်လားရာ...
ရနံ့သင်းသင်းပေး ရင်ကိုနွေး
အဆင်းရော အချင်းပါ
ပြည့်စုံတဲ့ ပန်းချယ်ရီလေး
မြတ်နိုးခွင့်လေးပေး.....
ထာဝရတွက်.....
ခွင့်ပန်... ရည်စူးလို့.....
တစ်ကျော့ပြန်
မြူတိမ်မြူခိုး
ရောယှက်လိမ်လို့
တောင်ကြောတစ်ခွင်
ပန်းနုရောင်ချယ်ရီတွေ
အစီအရီ ဖူးပွင့်ခဲ့ပြန်ပြီ...
ချယ်ရီမြင်တိုင်း
နွဲ့နှောင်းသွယ်ပျောင်း
ပန်းနုရောင် ပုံရိပ်လေး
မှတ်မှတ်ရရ အာရုံမှာထင်
တမ်းတမ်းဆွတ်ဆွတ် လွမ်းခဲ့ရပြန်သည်...
မခြယ်မသ ပင်ကိုယ်အလှ
နုဝင်းကြည်စင် နန်းအသွင်
မနောဖြူစင် မျက်နှာထက်ထင်
မြတ်နိုးရသော ပန်းသခင်
သူ့အပြုံး သူ့အလှ
ဂန္တ၀င်ပန်းနုရောင်ကဗျာ...
ဟေမာန်ဆောင်းဒဏ် ကြံ့ကြံ့ခံ
လောကဓံကိုအံတုလို့
သစ္စာတရား ခိုင်ခိုင်မြဲ
မေတ္တာတရား ကြီးမားပုံက
နုနုနယ်နယ် အသွင်အပြင်နဲ့
ဆန့်ကျင်ဘက်လားရာ...
ရနံ့သင်းသင်းပေး ရင်ကိုနွေး
အဆင်းရော အချင်းပါ
ပြည့်စုံတဲ့ ပန်းချယ်ရီလေး
မြတ်နိုးခွင့်လေးပေး.....
ထာဝရတွက်.....
ခွင့်ပန်... ရည်စူးလို့.....