Monday, August 25, 2014

ခက်တော့ခက်တယ် (နှင်းဆီဝိုင်)

ကိုယ်မျှော်သလို....
ပြန်မလာနိုင်တော့တဲ့ သူတစ်ယောက်ကို
အရဲစွန့်ကာ မျှော်မိနေလည်း
သူပျော်မိတဲ့ ရင်ခွင်တစ်ခုက
ကိုယ်မဟုတ်ဘူးတဲ့. . .

သူပျော်ပါစေ ဆုတောင်းဖို့လည်း
ကိုယ်ရင်နာမယ့် အဖြစ်မို့လေ
ကိုယ်ထပ်မတောင့်တမိပါဘူး . . .

တချိန်ချိန်တော့
မေ့မှာပါဆိုတဲ့ အသိတစ်ချို့နဲ့
ငါနေ့ရက်တွေ ရှေ့ဆက်မိခဲ့တယ်
အချစ်ရယ်
ခက်တော့ခက်တယ်နော်
ငါ့အိပ်စက်ခြင်းတွေ
မဲ့နေတတ်ခဲ့ပြီပေါ့ကွာ . . .

Rosy Wine