Tuesday, August 19, 2014

ဒါဟာချစ်လား..? - ခွန်လမင်း

ဒါဟာချစ်လား..?

မင်းခွဲသွားကတည်းက
နှလုံးသားဆိုတာ
ငါ့ရဲ့ရင်မှာ ပုံသဏ္ဍာန်တစ်ခုသာ
သရုပ်ပြဖို့ဆိုတာ
အဟုတ်မလှတော့ပါဘူး...ချစ်သူ...
အစိမ်းသက်သက် ရက်စက်ခြင်းက
ငါ့ဘဝရဲ့အချိန်တိုင်းကို
ပျော်ရွှင်မှုတွေ ဆိတ်သုဉ်းစေခဲ့တယ်
တကယ်တော့....
အချစ်ဆိုတာ...
လူတစ်ယောက်ရဲ့ဘဝကို
ပျော်ရွှင်ခြင်းတွေဖြစ်သလို
ခါးသည်းခြင်းတွေလည်း ဖြစ်စေတယ်
ဒါပေမဲ့...
ငါ့အတွက်တော့ မင်းပေးလိုက်တဲ့
ရက်စက်ခြင်းတွေဟာ
မင်းပြောခဲ့တဲ့ ဒါဟာချစ်လား
ချစ်သူ...

ခွန်လမင်း