Sunday, August 17, 2014

အချစ်ရူး -မိုးအိမ်

အချစ်ရူး -မိုးအိမ်

အဲဒီမှာ ငါ ဟာ သေခဲ့တယ်
တကယ်တော့
ငါ သေခဲ့တာ ကြာပြီ
သေပြီးတဲ့နောက် ငါ ဟာ အခါခါ သေရင်း
မကျွတ်မလွတ်နိုင်တဲ့ တစ္ဆေတစ်ကောင်လို
ဝဋ်ဒုက္ခတွေ ၀တ်ဆင်ပြီး
ငါ ရယ်မောလိုက်တယ်
နောက်
ငါ ငိုကြွေးလိုက်တယ်
သက္ကရာဇ်တွေ အလီလီ
အကြိမ်ကြိမ်သေဆုံးရင်း
အဲဒီနေ့ကလိုပဲ
ဒီနေ့လည်း
ငါ သေဆုံးပြန်တယ်။

မိုးအိမ်
၁၃ . ၁ . ၂၀၁၃