နောက်ဆုံးအချိန်
ဝေဒနာကိုကျော်ပြီး
အလင်းက မျက်လုံးထဲဝင်မလာနိုင်ဘူး။
အသိစိတ်ကအစ
အာရုံငါးပါးစလုံး အမှောင်ကျ....
ခက်ခက်ခဲခဲ ရှာယူရတဲ့ဝင်သက်မှာ
နာကျင်ခံစားမှုကပါ ခန္ဓာကိုယ်ထဲ
တစ.. တစ....
အောက်ဆီဂျင်ပိုက်...
လွှမ်းထားတဲ့ခြုံစောင်ခပ်ပါးပါး....
အနားမှာရှိသမျှ အနိဌာရုံတွေချည်း။
အလန့်တကြားထပျံသွားတဲ့
ခိုတစ်အုပ်က နိမိတ်ပုံသင်္ကေတ....
မွေးစတုန်းက အူဝဲ အူဝဲ လို့ငိုတယ်။
အခု ဟောဟဲ ဟောဟဲနဲ့ငိုတယ်။
ဘာမှတော့ ထူးမသွားပါဘူး။
နောက်ဆုံးသံဝေဂက
နောက်ဆုံးအချိန်နဲ့ တထပ်တည်း ။
မှတ်ချက် ။ ။ ကဗျာရေးသူ ကလောင်အမည်မပါလာခဲ့ဘူး ဘယ်သူရေးတယ်ဆိုတာသိခဲ့ရင် မှတ်ချက်ကလေးပေးခဲ့ပါ
ဝေဒနာကိုကျော်ပြီး
အလင်းက မျက်လုံးထဲဝင်မလာနိုင်ဘူး။
အသိစိတ်ကအစ
အာရုံငါးပါးစလုံး အမှောင်ကျ....
ခက်ခက်ခဲခဲ ရှာယူရတဲ့ဝင်သက်မှာ
နာကျင်ခံစားမှုကပါ ခန္ဓာကိုယ်ထဲ
တစ.. တစ....
အောက်ဆီဂျင်ပိုက်...
လွှမ်းထားတဲ့ခြုံစောင်ခပ်ပါးပါး....
အနားမှာရှိသမျှ အနိဌာရုံတွေချည်း။
အလန့်တကြားထပျံသွားတဲ့
ခိုတစ်အုပ်က နိမိတ်ပုံသင်္ကေတ....
မွေးစတုန်းက အူဝဲ အူဝဲ လို့ငိုတယ်။
အခု ဟောဟဲ ဟောဟဲနဲ့ငိုတယ်။
ဘာမှတော့ ထူးမသွားပါဘူး။
နောက်ဆုံးသံဝေဂက
နောက်ဆုံးအချိန်နဲ့ တထပ်တည်း ။
မှတ်ချက် ။ ။ ကဗျာရေးသူ ကလောင်အမည်မပါလာခဲ့ဘူး ဘယ်သူရေးတယ်ဆိုတာသိခဲ့ရင် မှတ်ချက်ကလေးပေးခဲ့ပါ