Sunday, August 17, 2014

ကဗျာဆရာ- မောင်သိန်းဇော်

ကဗျာဆရာ- မောင်သိန်းဇော်

မိုးထဲ လေထဲ
ကိုယ့်အသက်ကို ပွေ့ပြီး
ကဗျာရေးသူ
ဆွေးမြေ့ဖွယ် နှင်းမြူတွေနဲ့ လုံးထွေးလို့။

ဘ၀၌ ရွတ်ဆိုခဲ့သမျှ မမေ့နိုင်
ဘ၀၌ မရွတ်ဆိုခဲ့ပေမယ့် မကြားနိုင်။

သေခြင်းတရားဆိုတာ
ခဲရာခဲဆစ် မဟုတ်ပါဘူး
ကိုယ့်ဘက်က လိုက်လျောနိုင်ဖို့ပဲ
လိုပါတယ်။

မောင်သိန်းဇော်