Tuesday, August 19, 2014

ခေါင်စဉ်က ဒဏ်ရာတွေတသသနဲ့. - မောင်ဇေမင်း။ပွား

နင်ရက်စက်တယ်လို့ ငါမထင်ပါဘူး
နင့်ပျော်ဖို့အတွက်ပဲ စဉ်စားတတ်တဲ့
ငါ့ဦးနှောက်ကို ငါ့နှလုံးသားက
ချုပ်ကိုင်ထားတယ်လေ.....
ကမ္ဘာစစ်တွေမှာတောင်
ငြိမ်းချမ်းမှုဆိုတာ ရှာတွေ့နိုင်သေးတာပဲ
နင်ဖန်တီးထားတဲ့
မပြေငြိမ်းနိုင်တဲ့ စစ်ပွဲအလယ်မှာ
ချောက်ချားစွာ ငါရပ်တည်နေရတော့မယ်
ဒဏ်ရာတွေတသသနဲ့...

(မောင်ဇေမင်း။ပွား)