♨ မတူဘဝ♨
:-* :-* :-* :-*
တောင်နှင့်မြေအိုး
မြေမျိုးပဲမို့
တလွဲမာန်ကိုး
တောင် တရိုးကို
မြေတအိုးက ပြိုင်လိုဟန်။
မြေဓာတ်သဏ္ဌာန်
တူပြန်ကြလဲ
ကွဲလွဲပုံစံ
ဖြစ်တည်ဟန်ကြောင့်
တောင် ကိုဖွဲ့ရိုး
မြေတအိုးက
မာန်ကိုးလိုလှမသင့်ပြန်။
တောင်ကိုဓားထိုး
တောင်မကျိုးလဲ
ဓားရိုးနှင့်မျှ ထိုးရုံမျှဖြင့်
ခမျာ့အိုးမှာကွဲတတ်ရှာ။
ပမာမခြား မိန်းမသားလဲ
ယောက်ျားကိုတု ချို့မှုကိစ္စ
မပြုကြဖို့ ခုကပင် လျှင်
ပမာပုံတင် ဆိုခဲ့ချင်....။
မေတ္တာဖြင့်......
သူ့ရှင်{ကလေး}
:-* :-* :-* :-*
တောင်နှင့်မြေအိုး
မြေမျိုးပဲမို့
တလွဲမာန်ကိုး
တောင် တရိုးကို
မြေတအိုးက ပြိုင်လိုဟန်။
မြေဓာတ်သဏ္ဌာန်
တူပြန်ကြလဲ
ကွဲလွဲပုံစံ
ဖြစ်တည်ဟန်ကြောင့်
တောင် ကိုဖွဲ့ရိုး
မြေတအိုးက
မာန်ကိုးလိုလှမသင့်ပြန်။
တောင်ကိုဓားထိုး
တောင်မကျိုးလဲ
ဓားရိုးနှင့်မျှ ထိုးရုံမျှဖြင့်
ခမျာ့အိုးမှာကွဲတတ်ရှာ။
ပမာမခြား မိန်းမသားလဲ
ယောက်ျားကိုတု ချို့မှုကိစ္စ
မပြုကြဖို့ ခုကပင် လျှင်
ပမာပုံတင် ဆိုခဲ့ချင်....။
မေတ္တာဖြင့်......
သူ့ရှင်{ကလေး}