Tuesday, August 19, 2014

ဆေးပေးလိုက်,သတ်လိုက်နဲ့.... - မောင်ဇေမင်း(ပွား)ဇင်မင်းခန်

 (ဆေးပေးလိုက်,သတ်လိုက်နဲ့)

မုန်းလိုက်ပါပြောတော့ ငါ့ကိုမမုန်းနိုင်ဘူးတဲ့
မေ့လိုက်ပါလို့ပြောတော့ မမေ့ခဲ့တဲ့သူ
ခွဲခွာဖို့ကြိုးစားရင် ငါ့ကိုငါ့ကျရှုံးပြီးဆိုတာ
သိလိုက်တယ်
အကိုရယ်....ညီမကို
ဆေးပေးလိုက်,သက်လိုက်နဲ့
တီတီတာတာ ဒီစကားလေးတွေနဲ့
ငါ့ကိုငါတောင် မပိုင်ခဲ့ပါဘူး
ထားလိုက်ပါတော့....
အသဲကွဲဇာတ်လမ်းဆိုတာ ကြိုးသိရက်နဲ့
ဖတ်လိုက်ရတဲ့ ဝတ္ထုတစ်အုပ်ထက်
ငါ့အဖြစ်ကပိုပါတယ်ဟာ....

မောင်ဇေမင်း(ပွား)ဇင်မင်းခန့်
zinminkhant13@gmail.com