(တနေ့နေ့တော့)
ငါပျော်ခဲ့သင့်ပါတယ်
သူ့ဘဝရဲ့ အစိတ်အပိုင်းတခုမှာ
တချိန်က အားပေးဖော်ဖြစ်ခဲ့ဖူးတယ်
တန်ပြန်သက်ရောက်မှုဖြစ်တဲ့
နယူတန်ရဲ့စကားက
ငါ့နဲ့မဆိုင်ပါဘူးလေ....
အားမငယ်ပါနဲ့ နှလုံးသားလေးရယ်
လူတွေကြားမှာရှိနေသင့်တဲ့
ရိုးသားခြင်းကို တနေ့နေ့တော့
လူတွေအားလုံးက နေရာပေးလာမှာပါ
မောင်ဇေမင်း(ပွား)ဇင်မင်းခန့်