Sunday, August 17, 2014

မျက်​လုံးနဲ့မကြည့်​နဲ့ မမြင်​ရဘူး - L -N

မျက်​လုံးနဲ့မကြည့်​နဲ့ မမြင်​ရဘူး

.❆ ဘဝတစ်​ဆုံးကိုပဲမကြည့်​နဲ့
တိုလွန်းတယ်
သံသရာကိုကြည့်

.❆ ကမ္ဘာကြီးကိုမကြည့်​နဲ့
သေးလွန်းတယ်
လောကကိုကြည့်

.❆ အတ္တကိုမကြည့်​နဲ့
ကျည်း​မြောင်းလွန်းတယ်
ပရကိုကြည့်

.❆ ပုထုဇဉ်​ကိုမကြည့်​နဲ့
ရူးမိုက်​လွန်းတယ်
အရိယာကိုကြည့်

.❆ အဓမ္မကိုမကြည့်​နဲ့
မှားလွန်းတယ်
ဓမ္မကိုကြည့်

.❆ ခန္ဓာအပြင်​ကိုမကြည့်​နဲ့
မာယာများလွန်းတယ်
ခန္ဓာအတွင်းကိုကြည့်

L -N