Sunday, August 17, 2014

စိတ်တွေကျပျောက်ခြင်း - လင်းသု

စိတ်တွေကျပျောက်ခြင်း - လင်းသု

အဲဒီတိမ်တွေ လာကြပြန်ပေါ့
ငါလွမ်းတဲ့အကြောင်းမှာ
အပ်ကြောင်းတွေထပ်ခဲ့ပါတယ် ချစ်သူ
ငါရဲ့နေ့တွေဆိုတာ
မြို့ပြဆန်ဆန် အထီးကျန်
ဘာတစ်ခုဖြစ်မလာတော့ဘူးဆိုတာ
သံချေခြင်းလိုဝတ်ဆင်ခဲ့ရ
နေ.တွေကို စိတ်ကပြန်သိမ်းသွားခဲ့တယ်
ငြိမ်းအေးရာနေရာဟာ
ထာဝရနဲ့လက်တစ်ကမ်းမှာ
နမိတ်ပုံတွေဟာ တကယ်ဆို
ဘ၀ ကို ရေလောင်းပေါင်းသင်ဖို. အင်အားတွေတဲ့လား
ငါဘာမှမသိချင်တော့ဘူး
ညတွေကို စိတ်ကပြန်သိမ်းသွားခဲ့တယ်
သြော်.....နေ့တွေညတွေကို စိတ်ကပြန်သိမ်းသွားခဲ့ရပေါ့ ..... ။ ။

လင်းသု