Thursday, August 14, 2014

ကကျိ ကကျိ ကျွိ ကျွိ - သက်ပိုင်

(ကကျိ ကကျိ ကျွိ ကျွိ )

စာငှက်ထီးလေးက
စာငှက်မလေးကို
မတွေ့လို့ အော်ခေါ်တယ်
" ကကျိ ကကျိ " တဲ့ ။

ကြွက်ထီးလေးက
ကြွက်မလေးကို မတွေ့လို့
အော်ခေါ်တယ် ။
" ကျွိကျွိ ကျွိကျွိ " တဲ့ ။

ငါလဲ လိုင်းပေါ်မှာ နင့်ကို
မတွေ့လို့ အော်ခေါ်မယ်
" ကကျိ ကကျိ ကျွိ ကျွိ" ပဲ ။


သက်ပိုင်