ညီမလေး.....
မချစ်ခဲ့ဘူးလို့ ညင်သာစွာပဲ
ပြောခဲ့လိုက်ပါ
ဆွံ့အမှုတွေနဲ့ ငါနေသားကျမှာပါ
အချစ်သင်္ခန်းစာမှာ ငါက
မူလတန်းသာသာပါ
ငါနောက်မကျခဲ့ပါဘူး
သူများထက် ငါအရင်ဆုံးချစ်ခဲ့တာပါ
စည်းဆိုတာ ငါတို့နှလုံးသားက
လက်မခံသမျှ ဘောင်မဝင်ပါဘူး. .
အရာအားလုံး ငါစွန့်လွှတ်လိုက်ရမှာလား?
ငါသက်ရှင်သမျှ နင်မုန်းတီးနေအုံးမှာလား
သဘာဝဆိုတဲ့ ဒီစာသားလေး
နင့်ရင်မှာ တံဆိပ်ကပ်ထားပေးပါ
အချစ်မှာ ငါသိသလောက်တော့
နင့်ကို အချိန်ပြည့်သတိရခြင်းလို့
လက်ခံမှု ပြုလုပ်ထားတယ်
ညီမလေးရေ. . .
မချစ်ခဲ့ဘူးလို့ ညင်သာစွာပဲ
ပြောခဲ့လိုက်ပါ
ဆွံ့အမှုတွေနဲ့ ငါနေသားကျမှာပါ
အချစ်သင်္ခန်းစာမှာ ငါက
မူလတန်းသာသာပါ
ငါနောက်မကျခဲ့ပါဘူး
သူများထက် ငါအရင်ဆုံးချစ်ခဲ့တာပါ
စည်းဆိုတာ ငါတို့နှလုံးသားက
လက်မခံသမျှ ဘောင်မဝင်ပါဘူး. .
အရာအားလုံး ငါစွန့်လွှတ်လိုက်ရမှာလား?
ငါသက်ရှင်သမျှ နင်မုန်းတီးနေအုံးမှာလား
သဘာဝဆိုတဲ့ ဒီစာသားလေး
နင့်ရင်မှာ တံဆိပ်ကပ်ထားပေးပါ
အချစ်မှာ ငါသိသလောက်တော့
နင့်ကို အချိန်ပြည့်သတိရခြင်းလို့
လက်ခံမှု ပြုလုပ်ထားတယ်
ညီမလေးရေ. . .