Monday, August 4, 2014

ဒီအသံငါမကြားချင်ဘူး (စိုင်းဟေမာန်)

(ဒီအသံငါမကြားချင်ဘူး)

ချစ်သူစကား ကြားချင်အားနှင့်
ဖုန်းလေးကိုင်ကာ ခေါ်မိပြန်လည်း လူကြီးမင်းတွက် ဧရိယာပြင်ပ-ဟု (1500)တန်က (1500)မေတ္တာမပြန်ဘဲ လူကိုနိပ်စက် အလွမ်းဖက်လို့ ကံကောင်းခြင်းမင်္ဂလာ အကြောင်းမဖန်ဘဲ တပြောင်းတပြန်နှင့် ဝေဒနာ အဆိပ်တက်အောင် နေစဉ်ပြုစား ဖုန်းကဝေ များလား ထင်ယောင်တောင်မှားမိ
မှန်ကန်မှု့မရှိတဲ့ တုံ့ပြန်မှု့အောက်မှာ
နာကျင်စရာအလွမ်းနဲ့ ရင်နာနေတဲ့
ငါ့အဖြစ်ကို စာနာမှု့အသိတရားနဲ့ ကူညီလည့်ပါ
(1500)လေးရေ--
နောက်တခါ အဲဒီပြင်ဆိုတဲ့
လေသံနဲ့ ငါကို မနိပ်စက်ပါနဲ့တော့
ငါသည်းခံနိုင်စွမ်း မရှိတောလို့ပါ
(1500) (2028)နှင့် ပျော်ရွှင်ခွင့်လေးပေးပါဦးနော်--


စိုင်းဟေမာန်