လမ်းခွဲ...(၄)
မျှော်လင့်ချက်ဆိုတာကလည်း
ရိုးတံမရှိတော့တဲ့ နှင်းဆီလိုပါပဲကွယ် ။
ဝေးကွာခြင်းရဲ့ ခွာသံများ
အခန်းနံရံမှာ ပင့်ကူမျှင်လို
ရစ်ပတ်ငြိတွယ်…..
ငါ့ဘာသာဗေဒမှာတော့
မင်းက ထွက်ခွာရာပြပုဒ်ပါကွယ် ။
ဆန့်ထုတ်ထားရသမျှ
တမျှော်တခေါ်အလွမ်းတွေကလည်း
ထိကရုန်းလိုပဲ ကြေလွယ်ကွဲလွယ် စိတ်ကလေးနဲ့ ပြောကြစတမ်းဆို…..
ငါက အပူသည်ပေါ့ကွယ် ။
ဆွဲဆန့်ကြည့်လို့မရတဲ့
သေရာပါခေါက်ချိုးတွေအပြင်
မင်း ၀တ်ကျေတမ်းကျေ ဧည့်ခန်းကလည်း
ငါ့အတွက် ကျဉ်းမြောင်းလာမှတော့....
ဝေးနေကြတာပဲ ကောင်းပါတယ်
ဝေး....နေကြတာပဲ ကောင်းပါတယ်ကွယ် ။
မှတ်ချက် ။ ။ ကဗျာရေးသူ ကလောင်အမည်မပါလာခဲ့ဘူး ဘယ်သူရေးတယ်ဆိုတာသိခဲ့ရင် မှတ်ချက်ကလေးပေးပို့ခဲ့ပါ ။
မျှော်လင့်ချက်ဆိုတာကလည်း
ရိုးတံမရှိတော့တဲ့ နှင်းဆီလိုပါပဲကွယ် ။
ဝေးကွာခြင်းရဲ့ ခွာသံများ
အခန်းနံရံမှာ ပင့်ကူမျှင်လို
ရစ်ပတ်ငြိတွယ်…..
ငါ့ဘာသာဗေဒမှာတော့
မင်းက ထွက်ခွာရာပြပုဒ်ပါကွယ် ။
ဆန့်ထုတ်ထားရသမျှ
တမျှော်တခေါ်အလွမ်းတွေကလည်း
ထိကရုန်းလိုပဲ ကြေလွယ်ကွဲလွယ် စိတ်ကလေးနဲ့ ပြောကြစတမ်းဆို…..
ငါက အပူသည်ပေါ့ကွယ် ။
ဆွဲဆန့်ကြည့်လို့မရတဲ့
သေရာပါခေါက်ချိုးတွေအပြင်
မင်း ၀တ်ကျေတမ်းကျေ ဧည့်ခန်းကလည်း
ငါ့အတွက် ကျဉ်းမြောင်းလာမှတော့....
ဝေးနေကြတာပဲ ကောင်းပါတယ်
ဝေး....နေကြတာပဲ ကောင်းပါတယ်ကွယ် ။
မှတ်ချက် ။ ။ ကဗျာရေးသူ ကလောင်အမည်မပါလာခဲ့ဘူး ဘယ်သူရေးတယ်ဆိုတာသိခဲ့ရင် မှတ်ချက်ကလေးပေးပို့ခဲ့ပါ ။