Wednesday, August 6, 2014

ငါးမျှားခြင်း ( သက်ပိုင် )

" ငါးမျှားခြင်း"

ဒုက္ခကို - ကိုင်းတံလုပ်
သောကကို- ကြိုးတပ်
အချစ် - ငါးမျှားချိတ်နဲ့
အလှအပကို ငါးစာချလို့
မျက်ရည်အိုင်ထဲက
ငါ့ဘဝကို
နင်မျှားယူတယ် ။

အစာမှတ်ပြီး မျိုချမိတော့
အူသဲနှလုံးတွေ
ပြတ်ထွက်ကုန်ပြီပေါ့ ။ ။ ။

သက်ပိုင်