Monday, August 11, 2014

ကျောင်းဖွင့်ချိန် (၂)-တာရာမင်းဝေ

ကျောင်းဖွင့်ချိန် (၂)-တာရာမင်းဝေ

ငါတို့ကျောင်းတော်ကြီးရဲ့
ဟောင်းနွမ်းနေတဲ့ အခန်းလွတ်တခုဟာ
တဖြည်းဖြည်း နှစ်ငါးဆယ်လောက
်ပြန်ငယ်ရွယ်သွားတယ်၊
အရင်ကမမြင်ရတဲ့ ဟိုတုန်းကအရိပ်တွေ
နံရံတွေ၊ ခုံတန်းလျားတွေဆီကလွန့်လူးထ
အဲဒါ ... “အောင်ဆန်း” တို့၊ “ကျော်ငြိမ်း” တို့၊ ,“သိန်းဖေ” တို့၊ “ညိုမြ” တို့ရဲ့
ဝိညာဉ်တွေပဲ ...
ဗမာပြည်လွတ်လပ်ရေးကို သူတို့မြတ်နိုး
ဗမာပြည်လွတ်လပ်ရေးအတွက် သူတို့ရုန်းကန် အာဏာရှင်ကို ဖီဆန်ခဲ့ကြတယ်။
ခု.....သူတို့ရဲ့ ၀ိညာဉ်တွေဟာ
ကမ္ဘာမကြေဘူး ... ... ...
ငါတို့သွေးနဲ့ရေးခဲ့ကြတဲ့
မော်ကွန်းတေး ...သီချင်းလေးနားဆင်ရင်း
ရာဇ၀င်ရဲ့ တကျော့ပြန်စိမ်ခေါ်ပွဲကို
မျက်ရည်တ၀ဲဝဲနဲ့ စောင့်ကြည့်နေပါတယ်။