Saturday, August 16, 2014

အင်း​လေးသို့လွမ်း​​တေးကဗျာ (​ရေ​ပျော်​ငှက်​)

အင်း​လေးသို့လွမ်း​​တေးကဗျာ
(​ရေ​ပျော်​ငှက်​)

ကြက်​သားဟင်းဆိုတဲ့
မြို့ကြီးက ဟင်းလျာ
ဘယ်​​လောက်​​ကောင်း​ကောင်း
အင်း​လေးက အ​မေ့လက်​ရာ​လောက်
မချိုမြိန်​ခဲ့ဘူး

ဂုဏ်​ပကာသနနဲု့ ပြည့်​နေတဲ့မြိုကြီး
ဘယ်​​လောက်​​ပျော်​​ပျော်
အင်း​လေးက ရွာ​လောက်
စိတ်​ချမ်းမသာဘူး
ချမ်းသာမှုနဲ့ ပြည့်​​နေတဲ့မြို့ကြီးက
လူ​တွေအရိပ်​​တွေ ဘယ်​​လောက်လုံခြုံခြုံ
အင်း​လေးက အ​ဖေရဲ့အရိပ်​​လောက်
ခိုလှုံဖို့မ​ကောင်းဘူး