ကျွန်တော်သိတဲ့အချိန်မှာ မိုးတိတ်သွားပြီ မကြည်ဖြူ” - သူရဿဝါ
ကျွန်တော့်ရင်ကိုလှုပ်ခါချကြည့်တော့
ကြွေကျလာတဲ့သစ်ရွက်ဟာ “မကြည်ဖြူ” ပဲ
ဘယ်လိုလုပ်ရမလဲ
မိုးတွေတိတ်သွားပြီ “မကြည်ဖြူ” ရဲ့။
.“မကြည်ဖြူ” ရဲ့အသံတွေထဲ ၊ မျက်ဝန်းတွေထဲ
ကျွန်တော့်အရိပ်ကလေး ဝဲမနေတော့ဘူး
နားမလည်ချင်ပါနဲ့ “မကြည်ဖြူ” ရယ်
ကျွန်တော့်စိတ်က အံစာတုံးလိုပဲ
အပြောင်းအလဲများတယ် ၊ တန်ဖိုးအတက်အကျရှိတယ်
နှစ်ယောက်အတူကော်ဖီဆိုင်ထဲက
ကော်ဖီနှစ်ခွက်ဟာ ကျွန်တော့်စိတ်နဲ့အတူ
အေး ……စက်သွားပြီ ။
.“မကြည်ဖြူ” ရဲ့ အသားရောင်အင်္ကျီနံဘေးမှာ
ကျွန်တော်ဘာကိုဝတ်ဆင်ထားရမလဲ …… အရောင်မဲ့ ပူပူလောင်လောင်နေ့လည်ခင်းနဲ့
ရေခဲမှတ်အောက်ရောက်နေတဲ့ ရုပ်ရှင်
ဘယ်စကားမှ ဘောင်မဝင်ဘူးဖြစ်နေတယ်။
ဒါလည်း ကစားပွဲတစ်ခုပါပဲ .“မကြည်ဖြူ”ရယ်
ဘယ်တော့မှ နောက်တစ်ပွဲအသစ်ပြန်စလို့မ
ရတော့တာကလွဲရင်ပေါ့ ။
သူရဿဝါ
ကျွန်တော့်ရင်ကိုလှုပ်ခါချကြည့်တော့
ကြွေကျလာတဲ့သစ်ရွက်ဟာ “မကြည်ဖြူ” ပဲ
ဘယ်လိုလုပ်ရမလဲ
မိုးတွေတိတ်သွားပြီ “မကြည်ဖြူ” ရဲ့။
.“မကြည်ဖြူ” ရဲ့အသံတွေထဲ ၊ မျက်ဝန်းတွေထဲ
ကျွန်တော့်အရိပ်ကလေး ဝဲမနေတော့ဘူး
နားမလည်ချင်ပါနဲ့ “မကြည်ဖြူ” ရယ်
ကျွန်တော့်စိတ်က အံစာတုံးလိုပဲ
အပြောင်းအလဲများတယ် ၊ တန်ဖိုးအတက်အကျရှိတယ်
နှစ်ယောက်အတူကော်ဖီဆိုင်ထဲက
ကော်ဖီနှစ်ခွက်ဟာ ကျွန်တော့်စိတ်နဲ့အတူ
အေး ……စက်သွားပြီ ။
.“မကြည်ဖြူ” ရဲ့ အသားရောင်အင်္ကျီနံဘေးမှာ
ကျွန်တော်ဘာကိုဝတ်ဆင်ထားရမလဲ …… အရောင်မဲ့ ပူပူလောင်လောင်နေ့လည်ခင်းနဲ့
ရေခဲမှတ်အောက်ရောက်နေတဲ့ ရုပ်ရှင်
ဘယ်စကားမှ ဘောင်မဝင်ဘူးဖြစ်နေတယ်။
ဒါလည်း ကစားပွဲတစ်ခုပါပဲ .“မကြည်ဖြူ”ရယ်
ဘယ်တော့မှ နောက်တစ်ပွဲအသစ်ပြန်စလို့မ
ရတော့တာကလွဲရင်ပေါ့ ။
သူရဿဝါ