Sunday, August 10, 2014

တောသူအလှ - ချစ်ပိုင်(မကွေး)

တောသူအလှ

တောမှာမွေးတဲ့ တောသူလေးရယ်
ဝတ်ဟန်,စားဟန် ခေတ်မဆန်ပါပဲ
ရိုးရိုးလေးသာ သိပ်လှရှာ၍
ပါးမှာသနပ်ခါး လိမ်းကာထားတော့
ကဗျာဆန်ဆန် လှပဟန်ကို
မြင်သူရှု့မဝ ဖြစ်ခဲ့ရပေါ့
ဒို့ရဲ့•••ရင်ခွင် အသည်းထဲဝယ်
တော့သူအလှ သဘာဝကို
မြင်မြင်ခြင်းမှာ ချစ်မိတာကြောင့်
ချစ်တယ်ပြောရင် မင်းစိတ်စဉ်မှာ ဘယ်လိုထင်မလဲ
တောသူလေးရယ်...

ချစ်ပိုင်(မကွေး)