Saturday, August 16, 2014

မျော်​လင့်​ခြင်း​​နေ့​လေး (​နေကာရံ)

မျော်​လင့်​ခြင်း​​နေ့​လေး (​နေကာရံ)

ချစ်​သူ
အ​ဖြူ​ရောင်​နဲ့ကာရံထားတဲ့
ချစ်​သူရဲ့နှလုံးသားမြို့​တော်​​လေးထဲ
ချစ်​ခြင်း တရားအပြည့်​နဲ့ဝင်​​ရောက်​ခဲ့မိတဲ့
ကိုယ့်​ရဲ့ချစ်​ဧည့်သည်​​လေးကို
သူငယ်​ချင်းဆိုတဲ့တံခါးနဲ့
စည်းမရှားပါနဲ့လား

အချစ်​ဆိုတာ....
ဖြစ်​​ပေါ်ဖို့ခက်​တဲ့ ကိုယ့်​နှလုံးသား​လေးက
ကောင်​မ​လေးကိုဆုံးရှုံးမှာ
အရမ်းကြောက်​​နေလို့ပါ
သမုဒ္ဒရာ​ရေပြင်​အတိမ်​အနက်​ကို
တိုင်းတာနိုင်​​ပေမဲ့
ကိုယ့်​နှလုံးသားထဲကအချစ်​ကို
တိုင်းတာလိုမရနိုင်​ပါဘူး
အမုန်းကို​ကြောက်​လို့ပုန်း​ရှောင်​​နေတဲ့
ကိုယ့်​အတွက်​ အရှုံးဆိုတာ
အဆုံးသတ်​မဖြစ်​ပါရ​စေနဲ့
မနက်​ဖြန်​တိုင်းအတွက်​​....
ကောင်​မ​လေးကို​မျော်​လင့်​ရင်း
ရှင်​သန်​​နေပါရ​စေ......